Monday, February 1, 2010

Online အချစ်

online အချစ် ၁မိနစ်
online မေတ္တာ အနှစ်မပါ
online စကား မုသားများ
မယုံလေနဲ့ သတိထား။

Saturday, January 30, 2010

ကဗျာမဟုတ်

မင်းမှတ်မိသေးလား
အမေဆူတိုင်း မင်းအတွက်ကူပြောတတ်ခဲ့တာတွေ
တစ်ဆိုင်တည်း အတူထိုင်ခဲ့တဲ့ နေ့ရက်တွေအတူသောက်ခဲ့တဲ့ အရက်တွေ
ဆေးလိပ်တစ်လိပ်ကို နှစ်ယောက်သောက်တဲ့အဖြစ်တွေပြီးတော့
နေ့တိုင်းသော့ဖွင့်ပေးရတဲ့ ငါ့ရဲ့ညတွေ ။

မင်းမှတ်မိသေးလား
ခုနစ်စင်ကြယ်တို့ အမြီးထောင်တုန်း
အမေတစ်ယောက်နဲ့ ညီတစ်ယောက်
ရတက်ပွေရင်း ရှင်းခဲ့ရတဲ့
မင်းရှာခဲ့တဲ့ ပြသနာလေ ။

မင်းမှတ်မိသေးလား
မင်းတာဝန်ကျတဲ့ မြို့လေးမှာ
ငါတို့နွေးထွေးစွာ အတူထိုင်ဖြစ်ကြတုန်း
ညီအကိုချစ်ခြင်းကို သက်သေထူခဲ့တာ
ငါမမေ့ရက်ဘူး ။

မင်းမှတ်မိသေးလား
ခေတ္တပြန်လာတဲ့
ငါ့ကိုကြည့်တဲ့မင်းရဲ့မျှော်လင့်ချက် မျက်ဝန်းတွေ
ငါ့ရှေ့မှာ အားတင်းရင်း
မျက်ရည်ကျတဲ့ အဖြစ်တွေ
ငါနဲ့နေချင်တယ်လို့ မင်းပြောခဲ့တာတွေ ။

မင်းသိရဲ့လား
မျက်ရည်စက်လက်နဲ့ ပြောပြနေတဲ့
မိခင်တစ်ယောက်ရဲ့ ၀မ်းနည်းပူဆွေးမှု
ကွဲကြေတဲ့မျက်ဝန်းနဲ့ မျက်ရည်ဝဲနေတဲ့ဖခင်
မေးကြောတွေထောင်လောက်အောင
်အံတင်းတင်းကြိတ်ထားတဲ့
အကိုကြီးရဲ့သောကမောင်လေးရယ်လို့
ဖက်ငိုတဲ့ တစ်ဦးတည်းသော
အမရဲ့ ဝေဒနာဒီအပူတွေ ကြားထဲမှာ
ငါ့မျက်နှာဟာမချိတင်က
ဲ ဒဏ်ရာတွေအပြည့်နဲ့

လွန်ခဲ့တဲ့ ခုနစ်လကပေါ့
ငါ့ရင်ဘတ်ကို မိုးကြိုးပစ်ခဲ့တာ...။
လာကတည်းက သွားဘို့အတွက်ဘဲတရားဆိုတာလည်း
ရင်ထဲမှာတော့ ရှိခဲ့ကြတယ်လက်တွေ့မှာတရားကို
သောကတွေစားတဲ့အခါ
အကိုရေ....ဒါဟာ မင်းအတွက်တော့
ကဗျာတစ်ပုဒ် မဟုတ်ခဲ့ဘူး ။

ခင်လျှက်

မင်းကိုခင်ကြောင်း
စာလုံးပေါင်း၍
ကောင်းကင်ပေါ်မှာ
ရေးထားမယ်။
လသာတဲ့အခါ
ဖတ်ကြည့်ပါ။
(ဇေယျာထွန်း......အိမ့်ချယ်ရီရေးသည်)

ဆုတောင်း

ဘ၀ဆက်တိုင်းဆက်တိုင်း
ချစ်သူနဲ့ကြုံဆုံတဲ့ အခါ
ကိုယ်ကျောက်ရုပ်ဖြစ်ပါရစေ။
သုဘလိုအငြိုးမကြီးပါစေနှင့်
ဒဿလိုအချစ်မကြီးပါစေနှင့်။
(ဇေယျာထွန်း)